သမ္မာကျမ်းစာ
စတင်ဖတ်ရှုခြင်း

သမ္မာကျမ်းစာကို ကျွန်တော်ဘယ်နေရာက စတင်ဖတ်ရှုရမလဲ။

စာအုပ်အများစုကို အစကနေ စတင်ဖတ်ရှုလေ့ရှိကြပါတယ်။ သမ္မာကျမ်းစာကိုလည်း အဲ့ဒီလို အစပိုင်းကနေ စတင်ဖတ်ရှုလို့ရပေမယ့် လူအများစုက သခင်ယေရှုအကြောင်းတွေကို စတင်ဖတ်ရှုဖို့ တိုက်တွန်းထားပါတယ်။ ဒါကြောင့် အောက်ပါကျမ်းစာဖတ်ရှုခြင်းအစီအစဉ်စာရင်းမှာ ထိုနေရာမှ စတင်ထားပြီး ကျန်ရှိတဲ့ ကျမ်းတွေကိုလည်း ဆက်လက်ဖတ်ရှုနိုင်အောင် ၎င်းက ကူညီပါလိမ့်မယ်။အကယ်၍ သင်က သမ္မာကျမ်းစာကို ပထမဆုံးအကြိမ် ဖတ်တဲ့သူ (ဝါ) မကြာသေးခင်ကပဲ သခင်ယေရှုနောက်လိုက်တဲ့သူဆိုရင် ဒီကျမ်းစာဖတ်ရှုခြင်းအစီအစဉ်စာရင်းက သင့်အတွက် အထောက်အကူပြုပါလိမ့်မယ်။


သင့်အနေနဲ့ တစ်ရက်မှာ အခန်းကြီးတစ်ခန်း (ဝါ) အခန်းကြီးများစွာကို ဖတ်ရှုနိုင်ပါတယ်။ သင်စတင်ဖတ်ရှုတဲ့အခါ ဘုရားသခင်ထံမှ နားလည်နိုင်တဲ့ဉာဏ်ပေးသနားဖို့ ဆုတောင်းတဲ့ အကြံပြုချက်တွေ၊ သင်ဖတ်ရှုတဲ့အချိန်မှာ အထက်ကဖော်ပြခဲ့တဲ့ ဆင်ခြင်စရာ မေးခွန်းတွေကို အသုံးပြုဖို့ သတိရပါ။

စတင်ဖတ်ရှုဖို့ အောက်ပါလင့်ခ်တွေကို နှိပ်ပါ။