ရှင်လုကာခရစ်ဝင်ကျမ်း-

သခင်ယေရှုရဲ့ အသက်တာ နှင့် သတင်းစကားအကြောင်း

သခင်ယေရှုဟာ သမ္မာကျမ်းစာရဲ့ အဓိကပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဓမ္မဟောင်းကျမ်းထဲမှာ ဖော်ပြထားတဲ့ အကြောင်းအရာတွေက သခင်ယေရှု လောကသို့ကြွလာခြင်း၊ သာသနာပြုခြင်းနဲ့ ဘုရားသခင်ရဲ့ ကတိတော်ကို ပြည့်စုံစေခြင်း စတဲ့အကြောင်းတွေကို နိမိတ်ပြခဲ့ပါတယ်။ သခင်ယေရှုက ဘုရားသခင်နဲ့ လူသားတို့ကြား ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ပေးဖို့ အဓိကကျတဲ့သူပါ။

သခင်ယေရှုရဲ့အကြောင်းတွေကို သတင်းကောင်းတရားလို့ အနက်ပေါက်ပြီး ခရစ်ဝင်ကျမ်းလို့ခေါ်တဲ့ ဓမ္မသစ်ကျမ်းရဲ့ ပထမဆုံးကျမ်းတွေမှာ တွေ့ရပါတယ်။ ခရစ်ဝင်ကျမ်းထဲမှာ ရှင်မဿဲခရစ်ဝင်ကျမ်း၊ ရှင်မာကု ခရစ်ဝင်ကျမ်း၊ ရှင်လုကာခရစ်ဝင်ကျမ်း နှင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်း တို့ပါဝင်ပါတယ်။ ရှင်လုကာခရစ်ဝင်ကျမ်း ကို လုကာ လို့ခေါ်တဲ့လူက ဂျူးလူမျိုးမဟုတ်တဲ့ အခြားလူမျိုးတွေဆီကို အဖြစ်အပျက်မှန်သမျှ ရှင်းရှင်းလင်းလင်း ဖော်ပြဖို့ ရေးသားခဲ့တာဖြစ်တယ်။ သမ္မာကျမ်းစာ ပထမဆုံးအကြိမ်ဖတ်ရှုလေ့လာမည်ဆိုပါက ဒီခရစ်ဝင်ကျမ်းနဲ့ အစပြု သင့်ပါတယ်။

သင့်အနေနဲ့ တစ်ရက်မှာ အခန်းကြီးတစ်ခန်း (ဝါ) အခန်းကြီးများစွာ ဖတ်ရှုနိုင်ပါတယ်။ သို့ပေမယ့်လည်း သင်ဖတ်ရှုနေစဉ် အောက်ပါမေးခွန်းများဖြင့် ဆင်ခြင်ပါ။

  • သခင်ယေရှု ဘာအမှု ပြုခဲ့သလဲ။

  • သခင်ယေရှုရဲ့ ဝိသေသလက္ခဏာက ဘာနဲ့တူသလဲ။

  • သခင်ယေရှုက ဘာသွန်သင်ခဲ့လဲ။

  • သခင်ယေရှုက သူနဲ့ပတ်သက်ပြီး ဘာပြောခဲ့သလဲ။

ရှင်လုကာခရစ်ဝင်ကျမ်း အကြောင်းအရာ အနှစ်ချုပ်

  • သခင်ယေရှုအကြောင်း မိတ်ဆက်ခြင်း နဲ့ ဖွားမြင်တော်မူခြင်းအကြောင်း လု ၁-၃

  • သခင်ယေရှု၏ အသက်တာ နဲ့ သတင်းစကားအကြောင်း လု ၄-၂၂

  • သခင်ယေရှု အဖမ်းခံရခြင်း နဲ့ အသေသတ်ခံရခြင်းအကြောင်း လု ၂၂-၂၃

  • သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း နဲ့ လူများထင်ရှားခြင်းအကြောင်း လု ၂၄

  • ၁ ရက်နေ့ လု ၁-၂

    ၂ ရက်နေ့ လု ၃

    ၃ ရက်နေ့ လု ၄

    ၄ ရက်နေ့ လု ၅

    ၅ ရက်နေ့ လု ၆

    ၆ ရက်နေ့ လု ၇

    ၇ ရက်နေ့ လု ၈

    ၈ ရက်နေ့ လု ၉

    ၉ ရက်နေ့ လု ၁၀

    ၁၀ ရက်နေ့ လု ၁၁

    ၁၁ ရက်နေ့ လု ၁၂

    ၁၂ ရက်နေ့ လု ၁၃

    ၁၃ ရက်နေ့ လု ၁၄

    ၁၄ ရက်နေ့ လု ၁၅ - ၁၆

    ၁၅ ရက်နေ့ လု ၁၇

    ၁၆ ရက်နေ့ လု ၁၈

    ၁၇ ရက်နေ့ လု ၁၉

    ၁၈ ရက်နေ့ လု ၂၀

    ၁၉ ရက်နေ့ လု ၂၁

    ၂၀ ရက်နေ့ လု ၂၂-၂၃

    ၂၁ ရက်နေ့ လု ၂၄

အွန်လိုင်းသမ္မာကျမ်းစာကိုကြည့်ရှုဖတ်ရွတ်ပါ

ဤနေရာမှာ အွန်လိုင်းရှင်လုကာခရစ်ဝင်ကျမ်းကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။

ရှင်လုကာခရစ်ဝင်ကျမ်းကို ရုပ်ရှင်ဇာတ်ကား တစ်ခုအဖြစ် ဖန်တီးထားတဲ့အတွက် သင်ဖတ်ရှု ဆင်ခြင်ရင်း ဤဇာတ်ကားကို ကြည့်ရှုနိုင်ပါတယ်။