သမ္မာကျမ်းစာ
ဆက်ဖတ်ပါ

သင့်အနေနဲ့ “စတင်လေ့လာခြင်း” အစီအစဉ်အတိုင်း ဖတ်ဖြစ်နေတယ်ဆိုရင် ယခုအခါ ဓမ္မသစ်ကျမ်းထဲက ကျမ်းတွေဖြစ်တဲ့ ရှင်လုကာခရစ်ဝင်ကျမ်း၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ တမန်တော်ဝတ္တု၊ ဧဖက်ဩဝါဒစာ၊ ကောလောသဲဩဝါဒစာ နဲ့ ဓမ္မဟောင်းကျမ်းထဲက ကျမ်းများဖြစ်တဲ့ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ သုတ္တံကျမ်း၊ ဒေသနာကျမ်း နဲ့ ဆာလံကျမ်းတို့ကို ဖတ်ပြီးလောက်ပါပြီ။

ဒါပေမဲ့ အဲ့ဒီလောက်နဲ့ပဲ သင်ရပ်နားဖို့ မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့က စာရင်းကဆက်လက်ဖတ်ရှုဖို့ အကြံပြုထားတဲ့ ကျမ်းအစီအစဉ် ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ သမ္မာကျမ်းစာ တစ်အုပ်လုံးကို အစအဆုံး သင်ဖတ်ရှုသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒါအားလုံးက ကျွန်တော်တို့အတွက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ဒီနေရာကနေစတင်ဖတ်ရှုပါ။

သင်ဖတ်ရှုဆင်ခြင်ရင်း ဖတ်ရှုဆင်ခြင်ခြင်းဆိုင်ရာ မေးခွန်းတွေကို  သတိရပါ။

ကျမ်းစာဖတ်ရှုဆင်ခြင်နိုင်ဖို့ မေးခွန်းများ

၁။ ဒီကျမ်းပိုဒ် (ဝါ) ပုံဇာတ်လမ်းထဲမှာ ဘာဖြစ်
ပျက်နေလဲ။

၂။ ဒီကျမ်းပိုဒ်က ဘုရားသခင်နဲ့ပတ်သက်ပြီး
ကျွန်ုပ်ကို ဘာသွန်သင်လဲ။

၃။ ဒီကျမ်းပိုဒ်က လူတွေ (ဝါ) ကျွန်တော်တို့နဲ့
ပတ်သက်ပြီး ကျွန်တော်တို့ကို ဘာသွန်သင်လဲ။

၄။ ဒီတစ်ပတ်မှာ ကျွန်တော်နာခံဖို့ (ဝါ) ခွန်အားယူ
ကျင့်သုံးဖို့လိုအပ်တာ ဘာရှိလဲ။

၅။ ကျွန်တော်/မအနေနဲ့ ဒီပုံဇာတ်လမ်းကို
ဘယ်သူ့ကို ထပ်ဆင့်မျှဝေနိုင်မလဲ။

ဓမ္မဟောင်းကျမ်း

အောက်ပါရွေးချယ်ထားတဲ့ ဓမ္မဟောင်းကျမ်းထဲက ကျမ်းတွေက ဣသရေလလူမျိုးရဲ့ သမိုင်းကြောင်းကို ဖော်ပြပါတယ်။ ဒီကာလအတွင်း အသက်ရှင် နေထိုင် ခဲ့တဲ့ ပရောဖက်တွေရဲ့ ရေးသားချက်တချို့၊ အသိ အလိမ္မာစာပေ နဲ့ ကဗျာရေးသားချက် တချို့လည်း ပါဝင်ပါတယ်။

ဓမ္မသစ်ကျမ်း

အောက်ပါ ရွေးချယ်ထားတဲ့ ဓမ္မသစ်ကျမ်းထဲက ကျမ်းတွေက သခင်ယေရှု နဲ့ သူ့ရဲ့သွန်သင်ချက်တွေ အကြောင်း၊ ကနဦးအသင်းတော်အကြောင်း နဲ့ သခင်ယေရှုရဲ့တပည့်တော်တွေ/ယုံကြည်သူတွေ အကြောင်း ဖော်ပြပါတယ်။