နောက်ထပ် ခြေလှမ်းများ

ဂုဏ်ယူပါတယ်။ မိတ်ဆွေဟာ ကြီးမားတဲ့ တိုးတက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ “နောက် တစ်ဆင့်က ဘာလဲ။ ငါ ဒီကနေ ဘယ်ကို ဆက်သွားရမလဲ" စသဖြင့် မေးမိပါလိမ့်မယ်။

ကျမ်းတချို့ကို သင်ဖတ်ပြီးပြီ၊ ဒါပေမဲ့ အားလုံးတော့ မပြီးသေးပါဘူး။ ခုချိန်မှာ သင်ဟာ  ဇာတ်လမ်း တစ်ခုလုံးကို ပိုမိုရင်းနှီးနားလည်လာတဲ့အတွက်  ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းအားလုံးပါတဲ့ ကျမ်းစာတစ်အုပ်လုံးကို တစ်ဖန်ပြန်လည်ဖတ်ရှုခြင်းက သင့်အတွက် ကောင်းပါလိမ့်မယ်။

သင်အနေနဲ့ ကျမ်းစာဖတ်တဲ့အခါ ကျမ်းပိုဒ်တွေကို ဖတ်ရှုမှတ်သားရင်း သင့်နှလုံးသားကို တို့ထိစကားပြောတဲ့ အပိုင်းကို ဆင်ခြင်နှလုံးသွင်းဖို့ နေ့တိုင်း အချိန်ယူပါ။ အလုပ်တစ်ခုကို ပြီးမြောက်အောင် အလျင်စလိုလုပ်သလို ပြီးစလွယ်ဖတ်ဖို့ မဟုတ်ပါ။

ကျမ်းစားဖတ်တဲ့အခါ သင့်ကိုယ်သင်မေးပါ “ သမ္မာကျမ်းစာက ဘာပြောသလဲ။ အဲဒါက ကျွန်တော်တို့ကို ဘာလုပ်ဖို့ တွန်းအားပေးတာလဲ။” သမ္မာကျမ်းစာနဲ့မိတ်ဆက်ခြင်းအကြောင်းက မီးစနှင့်တူတယ်ဆိုရင် သင့်အနေနဲ့ ဆက်လက်တောက်လောင်ဖို့ ဘယ်လို ထိန်းသိမ်းမလဲ။

အထက်ပါမေးခွန်းတွေကို ဖြေနိုင်ဖို့အောက်မှာပြထားတဲ့ကျမ်းချက်တွေကို ဖတ်ရှုပါ။