အသိအလိမ္မာ
ကျမ်းများ

သုတ္တံကျမ်း

သတ္တံကျမ်းဟာ ကျွန်တော်တို့ဘဝမှာ ကျင့်သုံးနိုင်တဲ့ ဉာဏ်ပညာစကားတွေ စုဆောင်းရေးသားထားတဲ့ ကျမ်း ဖြစ်ပါတယ်။ ဒီကျမ်းထဲမှာ အခန်းကြီး ၃၁ ခန်း ပါဝင်ပါတယ်။ တစ်ရက်တစ်ခန်းနှုန်းနှင့် ကျမ်းတစ်ခုလုံးကို တစ်လအတွင်း အပြီးဖတ်နိုင်ပါတယ်။

သုတ္တံကျမ်း
အကြောင်းအရာ အနှစ်ချုပ်

  • ဉာဏ်ပညာ၏ အချူပ်အခြာ - သု ၁

  • ပညာရှိခြင်း နှင့် မိုက်မဲခြင်းအကြောင်း- သု ၁-၉

  • ရှောလမုန်မင်းကြီး၏ သုတ္တံစကားများ- သု ၁ဝ-၂၂

  • ပညာရှိများ၏ အဆိုအမိန့်များ- သု ၂၂-၂၄

  • ရှောလမုန်မင်းကြီး၏ အခြား သုတ္တံစကားများ- သု ၂၅-၂၉

  • အခြားသော သုတ္တံစကားများ- သု ၃ဝ

  • သီလနှင့်ပြည့်စုံသည့် အမျိုးသမီးအကြောင်း- သု ၃၁

အွန်လိုင်းသမ္မာကျမ်းစာကို ဖတ်ရွတ်ပါ

ဤနေရာမှာ အွန်လိုင်းသုတ္တံကျမ်းကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကို ကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။

ဒေသနာကျမ်း

ဒေသနာကျမ်းဟာ ရှောလမုန်မင်းကြီး အသက်ကြီးလာတဲ့အခါ သူ့ရဲ့ဘဝကို ပြန်လည်သုံးသပ်ရင်း ကျွန်တော်တို့ ဘဝမှာ တွေ့ကြုံရတဲ့ ပျော်ရွှင်ခြင်း နှင့် ဒုက္ခဆင်းရဲခြင်းတွေကို ဆင်ခြင်အောက်မေ့ပြီး ရေးသားထားတဲ့ ကျမ်း ဖြစ်ပါတယ်။ ကျမ်းရဲ့အဆုံးပိုင်းမှာ မိမိရှာဖွေတွေ့ရှိတဲ့ ဘဝမှာအရေးပါဆုံးသော အကြောင်းအရာကို မျှဝေထား ပါတယ်။

ဒေသနာကျမ်းအကြောင်းအရာ အနှစ်ချုပ်

  • ကျမ်းမိတ်ဆက်ခြင်း - ဒေ ၁

  • ဘဝအကြောင်း လေ့လာဆန်းစစ်ခြင်း နှင့် ဆင်ခြင်သုံးသပ်ခြင်း- ဒေ ၁-၆

  • ကျမ်းနိဂုံးပိုင်း - ဒေ ၇-၁၂

အွန်လိုင်းသမ္မာကျမ်းစာကို ဖတ်ရွတ်ပါ

ဤနေရာမှာ အွန်လိုင်းဒေသနာကျမ်းကို ဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။