ကောလောသဲဩဝါဒစာ
နှင့် ဧဖက်ဩဝါဒစာ-
အသင်းတော်များသို့ပေးပို့တဲ့စာစောင်များ

ကောလောသဲဩဝါဒစာ နှင့် ဧဖက်ဩဝါဒစာဟာ ဓမ္မသစ်ကျမ်းထဲက ကျမ်းနှစ်ကျမ်း ဖြစ်ကြပါတယ်။ ၎င်းတို့မှာ မျက်မှောက်ကာလ တူရီကီနိုင်ငံလို့ လူသိများတဲ့ အာရှမိုင်နာဒေသ တွင်းရှိ ကောလောသဲ နှင့် ဧဖက်မြို့က အသင်းတော်တွေကို လမ်းညွှန်ဖို့ တမန်တော်ရှင်ပေါလုရေးသားခဲ့တဲ့ စာစောင်တွေဖြစ်ပါတယ်။ ကျမ်းနှစ်ကျမ်းလုံးက အင်မတန် တိုတောင်းလှပေမယ့် ခရစ်တော်ရဲ့သဘောသဘာဝ၊ ခရစ်တော်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ ဖြစ်တည်ခြင်းနဲ့ ခရစ်တော်၌ အသက်တာအသစ်ဖြင့် အသက်ရှင်ခြင်းစတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဓိက ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။

ကောလောသဲဩဝါဒစာ အကြောင်းအရာ အနှစ်ချုပ်

  • နှုတ်ခွန်းဆက်သခြင်း နှင့် ဆုတောင်းပေးခြင်း

  • သားတော်၏ မြင့်မြတ်ဘုန်းကြီးခြင်းအကြောင်း

  • ရှင်ပေါလု၏ အသင်းတော်အတွက် ဒုက္ခဆင်းရဲခံရခြင်းအကြောင်း

  • ခရစ်တော်၌ အသက်တာအသစ်ဖြင့်အသက်ရှင်ခြင်းအကြောင်း

  • သန့်ရှင်းသော အသက်တာခြင်း အသက်ရှင်ရန် ညွှန်ကြားချက်များ အကြောင်း

  • နောက်ဆုံး နှုတ်ခွန်းဆက် မိန့်မှာချက်များ အကြောင်း

ဧဖက်ဩဝါဒစာ အကြောင်းအရာ အနှစ်ချုပ်

  • ဧဖက်အသင်းသူအသားများကို နှုတ်ခွန်းဆက်သခြင်း

  • ခရစ်တော်အားဖြင့် ကျွန်တော်တို့ရရှိသော ဝိညာဉ်ကောင်းကြီးများအကြောင်း

  • အသင်းတော်အတွက် ရှင်ပေါလု၏ ဆုတောင်းချက်အကြောင်း

  • ခရစ်တော်၌ အသက်တာအသစ်ဖြင့်အသက်ရှင်ခြင်း အကြောင်း

  • ဘုရားသခင်၏ အသင်းတော်အတွက် ရည်ရွယ်ချက်အကြောင်း

  • ခရစ်တော်၌ အသက်တာအသစ်ဖြင့်အသက်ရှင်ရန် ညွှန်ကြားချက်များ အကြောင်း

  • နောက်ဆုံး နှုတ်ခွန်းဆက် မိန့်မှာချက်များ အကြောင်း

အွန်လိုင်းသမ္မာ
ကျမ်းစာကို ဖတ်ရွတ်ပါ

ဤနေရာမှာ အွန်လိုင်းကောလောသဲဩဝါဒစာစောင်ကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။

ဤနေရာမှာ အွန်လိုင်းဧဖက်ဩဝါဒစာစောင်ကိုဖတ်ရွတ်ပါ။ အခန်းကြီးတွေကိုကြည့်ရှုဖို့ အခန်းကြီးပြစာရင်း (သို့မဟုတ်) ညွှန်မြှား ကိုအသုံးပြုပါ။