သမ္မာကျမ်းစာထဲက ကျမ်းတွေကို

မိတ်ဆက်ခြင်း

သမ္မာကျမ်းစာထဲက ကျမ်းတွေကို ဘယ်အချိန်မှာရေးသားခဲ့သလဲ။


သမ္မာကျမ်းစာထဲက အဖြစ်အပျက်တွေဟာ သမိုင်းမှတ်တမ်းမရှိမီအချိန်ကတည်းက စတင်ခဲ့ပါတယ်။ ၎င်းတို့ကို မိသားစုတစ်ခုကနေ နောက်တစ်ခုကို နှုတ်စကားဖြင့် ဆင့်ကဲပြောပြ မှတ်တမ်းတင်လာကြတာဟာ ဘီစီ ၂,ဝဝဝ ခုနှစ်ကာလ မောရှေခေတ်ရောက်ပြီး အဖြစ်အပျက်တွေကို ဘုရားသခင်ရဲ့ညွှန်ကြားမှုအောက်မှာ ရေးသားမှုပုံစံဖြင့် စတင်မှတ်တမ်းတင်တဲ့အချိန်ထိ ဖြစ်ပါတယ်။ ဟေဗြဲ (ဝါ) ဂျူးလူမျိုးတွေဟာ သူတို့ရဲ့ သမိုင်းကြောင်းကို ဘုရားသခင် မှာကြားတဲ့အတိုင်း ဆက်လက်မှတ်တမ်းတင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဒီကျမ်းတွေအားဖြင့် ဂရုတစိုက် ရေးသားထိန်းသိမ်းခဲ့ကြပါတယ်။ ဓမ္မဟောင်းကျမ်း ထဲက ကျမ်းအသီးသီးကို ဘီစီ ၃၀၀ ဝန်းကျင်မှာ တရားဝင်စုဆောင်းပေါင်းချူပ်ခဲ့ပါတယ်။

ဓမ္မသစ်ကျမ်းကို သခင်ယေရှုရဲ့ တပည့်တော်များ (သို့မဟုတ် တမန်တော်များ) ဖြင့် သခင်ယေရှု ဤလောကမှာ အသက်ရှင်ခဲ့တဲ့ အေဒီ ပထမရာစုအလယ်ပိုင်းကာလ နှစ်ပေါင်း ၅၀-၇၀ ခုနှစ်အတွင်း ရေးသားခဲ့ပါတယ်။

ယနေ့ခေတ် ကမ္ဘာ့လူသုံးအများစုပြက္ခဒိန်က သခင်ယေရှု ဤလောကမှာအသက်ရှင်ခဲ့တဲ့အချိန်ကာလကို ဗဟိုပြုဖန်တီး ထားပါတယ်။ ဘီစီ ဆိုတာက ခရစ်တော်မတိုင်မီကာလ ဖြစ်ပါတယ်။ အေဒီမှာ အေနိုဒိုမီနီ ဆိုတဲ့ လာတင်စကားလုံးဖြစ်ပြီး သခင်ဘုရားရဲ့နှစ်လို့ အဓိပ္ပာယ်ရှိပါတယ်။

ယနေ့ကျွန်တော်တို့လက်ထဲမှာရှိနေတဲ့ သမ္မာကျမ်းစာအုပ်ကို ၎င်းရဲ့ဖြစ်စဉ်ကာလအလိုက်မဟုတ်ဘဲ ကျမ်းတစ် ကျမ်းစီရဲ့ရေးသားမှုပုံစံကိုလိုက်ပြီး စီစဉ်ထားတာဖြစ်ပါတယ်။ အထက်ကပုံကားချပ်မှာ ကျမ်းတစ်အုပ်ချင်းကိုရေးသားခဲ့တဲ့ သမိုင်းကြောင်းကာလအမျိုးမျိုးကိုဖော်ပြပါတယ်။ တချို့ကျမ်းတွေက သမိုင်းကာလတစ်ခုကို ပိုမို ကြာရှည်လွှမ်းခြုံထားတဲ့အတွက် ၎င်းကိုလိုက်ပြီး ဖြစ်ပျက်မှုကာလအစဉ်လိုက် ဖော်ပြထားပါတယ်။

သမ္မာကျမ်းစာအုပ်ရဲ့ ရေးသားမှုပုံစံတွေက
ဘာလဲ။

သမ္မာကျမ်းစာအုပ်မှာ မတူညီတဲ့ ရေးသားမှုပုံစံမျိုးစုံရှိတဲ့ ကျမ်းတွေပါဝင်ပါတယ်။

  • ရာဇဝင်ကျမ်းများမှာ မတူညီတဲ့လူများအကြောင်းနဲ့ ဘုရားသခင်နဲ့ သူတို့ရဲ့ ချိတ်ဆက်မှု (ဝါ) ဆက်သွယ် ပြောဆိုမှုအကြောင်း ဖော်ပြထားပါတယ်။

  • ကဗျာအလင်္ကာကျမ်းများမှာ စာရေးသူရဲ့နှလုံးသားကို ဖော်ပြထားပါတယ်။

  • အနာဂတ္တိကျမ်းတွေမှာ ဘုရားသခင်ရဲ့လမ်းကြောင်းအတိုင်းလိုက်လျှောက်ဖို့ ငြင်းဆိုတဲ့လူတွေအတွက် သတိပေးချက်များ၊ အနာဂတ်မှာဖြစ်ပျက်လာမယ့် ပရောဖက်ပြုချက်များ၊ ဘုရားသခင်ရဲ့ ပြန်လည်တည်ဆောက်ပေးခြင်း နှင့် သစ္စာတော်ခိုင်မြဲခြင်းအကြောင်းတို့ ပါဝင်ပါတယ်။

  • စာစောင်များ နှင့် ဩဝါဒစာစောင်တွေမှာ ယုံကြည်သူတွေအတွက် ခွန်အားပေးတိုက်တွန်းခြင်းနဲ့ ညွှန်ကြားချက်တွေ ပါဝင်ပါတယ်။

ကျမ်းအများစုမှာ အထက်ပါအကြောင်းအရာတွေပါဝင်ကြပေမယ့် အခြေခံအားဖြင့် ကျမ်းတစ်ကျမ်းစီမှာ ရေးသားမှုပုံစံတစ်မျိုးစီရှိပါတယ်။

ရာဇဝင်ကျမ်းများ နှင့် ပညတ္တိကျမ်းများ-

  • ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်း နှင့် တရားဟောရာကျမ်း

ရာဇဝင်ကျမ်းများ-

  • ယောရှုမှတ်စာ၊ တရားသူကြီးမှတ်စာ၊ ရုသဝတ္တု၊ ဓမ္မရာဇဝင်ပထမစောင်၊ ဓမ္မရာဇဝင်ဒုတိယစောင်၊ ဓမ္မရာဇဝင်တတိယစောင်၊ ဓမ္မရာဇဝင်စတုတ္ထစောင်၊ ရာဇဝင်ချုပ်ပထမစောင်၊ ရာဇဝင်ချုပ်ဒုတိစောင်၊ ဧဇရမှတ်စာ၊ နေဟမိမှတ်စာ နှင့် ဧသတာဝတ္တု

အသိအလိမ္မာကျမ်း နှင့် ကဗျာအလင်္ကာကျမ်းများ-

  • ယောဘဝတ္တု၊ ဆာလံကျမ်း၊ သုတ္တံကျမ်း၊ ဒေသနာကျမ်း၊ ရှောလမုန်သီချင်း

အနာဂတ္တိကျမ်းများ-

  • ဟေရှာယအနာဂတ္တိကျမ်း၊ ယေရမိအနာဂတ္တိကျမ်း၊ ယေရမိမြည်တမ်းစကား၊ ယေဇကျေလအနာဂတ္တိကျမ်း၊ ဒံယေလအနာဂတ္တိကျမ်း၊ ဟောရှေအနာဂတ္တိကျမ်း၊ ယောလအနာဂတ္တိကျမ်း၊ အာမုတ်အနာဂတ္တိကျမ်း၊ ဩဗဒိအနာဂတ္တိကျမ်း၊ ယောနဝတ္တု၊ မိက္ခာအနာဂတ္တိကျမ်း၊ နာဟုံအနာဂတ္တိကျမ်း၊ ဟဗက္ကုတ်အနာဂတ္တိကျမ်း၊ ဇေဖနိအနာဂတ္တိကျမ်း၊ ဟဂ္ဂဲအနာဂတ္တိကျမ်း၊ ဇာခရိအနာဂတ္တိကျမ်း၊ မာလခိအနာဂတ္တိကျမ်း

ဓမ္မဟောင်းကျမ်းများ

ရာဇဝင်ကျမ်းများ

  • ခရစ်ဝင်ကျမ်းများ- ရှင်မဿဲခရစ်ဝင်ကျမ်း၊ ရှင်မာကုခရစ်ဝင်ကျမ်း၊ ရှင်လုကာခရစ်ဝင်ကျမ်း၊

    ရှင်ယောဟန်ခရစ်ဝင်ကျမ်း

  • တမန်တော်ဝတ္တု

ဩဝါဒစာစောင်များ-

  • ရောမဩဝါဒစာ၊ ကောရိန္သုဩဝါဒစာပထမစောင်၊ ကောရိန္သုဩဝါဒစာဒုတိယစောင်၊ ဂလာတိဩဝါဒစာ၊ ဧဖက်ဩဝါဒစာ၊ ဖိလိပ္ပိဩဝါဒစာ၊ ကောလောသဲဩဝါဒစာ၊ သက်သာလောနိတ် ဩဝါဒစာပထမစောင်၊ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်၊ တိမောသေဩဝါဒစာပထမစောင်၊ တိမောသေဩဝါဒစာဒုတိယစောင်၊ တိတုဩဝါဒစာ၊ ဖိလေမုန်ဩဝါဒစာ၊ ဟေဗြဲဩဝါဒစာ၊ ရှင်ယာကုပ်ဩဝါဒစာ၊ ရှင်ပေတရုဩဝါဒစာပထမစောင်၊ ရှင်ပေတရုဩဝါဒစာဒုတိယစောင်၊ ရှင်ယောဟန်ဩဝါဒစာပထမစောင်၊ ရှင်ယောဟန်ဩဝါဒစာဒုတိယစောင်၊ ရှင်ယောဟန်ဩဝါဒစာတတိယစောင်၊ ရှင်ယုဒဩဝါဒစာ

အနာဂတ္တိကျမ်း-

  • ဗျာဒိတ်ကျမ်း

ဓမ္မသစ်ကျမ်း