သမ္မာကျမ်းစာ မိတ်ဆက်

သမ္မာကျမ်းစာဆိုတာ
ဘာလဲ။

သမ္မာကျမ်းစာဟာ ဘုရားသခင်နဲ့ လောကီလူသားတွေရဲ့ ဆက်ဆံရေးအကြောင်း တစ်စုတစ်စည်းဖော်ပြဖို့ သမိုင်း ခေတ်အဆက်ဆက်မှာ ရေးသားခဲ့တဲ့ စာအုပ်တွေ (ဝါ) စာပေလက်ရာစုဆောင်းမှုတစ်ခု ဖြစ်ပါတယ်။ ၎င်းက ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာအကြောင်းကို ဖွင့်ပြသလို ဘုရားသခင်၏ မူလကနဦး ရည်ရွယ်ချက်အတိုင်း ကျွန်တော်တို့ ဘယ်လို အသက်ရှင်နေထိုင်ရမယ်၊ ဘယ်လိုတွေ့ကြုံရမယ်ဆိုတာကိုလည်း ဖော်ပြပေးပါတယ်။

သမ္မာကျမ်းစာကို ဘယ်သူရေးသား ခဲ့သလဲ။

အမြင့်ဆုံးသောဘုရားသခင်ဟာ သမ္မာကျမ်းစာကို ရေးသားတဲ့သူ ဖြစ်ပါတယ်။ ဘုရားသခင်က မတူညီတဲ့ စာရေးဆရာ လေးဆယ်ကျော်ကို ဖွင့်ဟဖော်ပြမှုတ်သွင်းတော်မူပြီး နှုတ်ကပတ်တော်ကို စာဖြင့် ရေးသားစေတယ်။ ဒီစာပေလက်ရာတွေကို အတူတကွစုစည်းလိုက်ရာကနေ ဒီနေ့ကျွန်တော်တို့မှာရှိတဲ့ သမ္မာကျမ်းစာအုပ် ဖြစ်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး လူတွေရဲ့ စကားလုံး သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီနှုတ်ကပတ်တော်ဟာ မှန်ကန်တယ်လို့ စိတ်ချ ယုံကြည်နိုင်တာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ဘဝအသက်တာတွေကို နှုတ်ကပတ်တော်အတိုင်း ပြုပြင်ခွင့် ပေးသင့်ပါတယ်။

သမ္မာကျမ်းစာထဲက အောက်ပါကျမ်းချက်တွေကို ဖတ်ရှုပါ။ ၎င်းတို့က သမ္မာကျမ်းစာနဲ့ပတ်သက်ပြီး ဘာတွေ
ဖော်ပြပေးလဲ။

  • ၁ သက် ၂း၁၃

    ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို အ​ခါ​မ​လပ် ငါ​တို့​ချီး​မွမ်း​ကြ​သည့်​အ​ခြား​အ​ကြောင်း တစ်​ရပ်​မှာ ငါ​တို့​သည်​သင်​တို့​အား​ဟော​ပြော သော​ဘု​ရား​သ​ခင်​၏​တ​ရား​တော်​ကို​လူ့ တ​ရား​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​တ​ရား တော်​အ​မှန်​ဖြစ်​သည်​နှင့်​အ​ညီ​သင်​တို့ ကြား​နာ​ခံ​ယူ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆိုသော်​ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သူ​သင် တို့​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​လျက်​ရှိ​တော် မူ​သော​ကြောင့်​တည်း။

  • ၂ တိ ၃း၁၆-၁၇

    ကျမ်း​စာ​တော်​မှန်​သ​မျှ​ကို​ဘု​ရား​သ​ခင်​၏ လမ်း​ညွှန်​မှု​ဖြင့်​ရေး​သား​ပြု​စု​ထား​သ​ဖြင့် ထိုကျမ်း​စာ​တော်​သည်​သမ္မာ​တ​ရား​တော်​ကို​သွန်သင်​ခြင်း၊ ဆုံး​မ​သြ​ဝါ​ဒ​ပေး​ခြင်း၊ အ​မှားများ​ကို​ပြု​ပြင်​ခြင်း၊ လျောက်​ပတ်​စွာ​သက်​ရှင်နေ​ထိုင်​တတ်​ရန်​လမ်း​ညွှန်​ခြင်း​တို့​ကို​ပြုသော​အား​ဖြင့်၊ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ဆောင်​သည်​ကောင်းမြတ်​သည့်​အ​မှု​အ​မျိုး​မျိုး​တို့​ကို​ဆောင်​ရွက်ရန်​လို​အပ်​သည့်​ပြင်​ဆင်​မှု​ရှိ​ပြီး​လျှင် အ​ရည်အ​ချင်း​များ​နှင့်​ပြည့်​ဝ​စုံ​လင်​၍​လာ​ပေ​အံ့။

  • ဟေဗြဲ ၄း၁၂

    ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည်​သက်​ရှင် လှုပ်​ရှား​၍ သန်​လျက်​တ​ကာ​တို့​ထက်​ထက်​မြက် ၏။ အ​သက်​နှင့်​ဝိ​ညာဉ်​တွေ့​ဆုံ​ရာ​အ​ထိ​လည်း ကောင်း၊ အ​ရိုး​ဆစ်​နှင့်​ခြင်​ဆီ​တွေ့​ရာ​အ​ထိ လည်း​ကောင်း​ထုတ်​ချင်း​ခွင်း​တတ်​၏။ လူ​၏​စိတ် နှ​လုံး​အ​ကြံ​အ​စည်​နှင့်​လို​အင်​ဆန္ဒ​များ ကို​စစ်​ဆေး​တတ်​၏။-