ဝေါဟာရ ခက်ဆစ်‌ များ

  1. ကယ်တင်သောအရှင်–

    အပြစ်တရားမှ ကယ် လွှတ်သောသူ။ ယေရှု၏ဘွဲ့နာမတော်တစ်ပါး။

  2. ကယ်တင်ခြင်း၊ အကျွတ်တရား–

    အပြစ်တရား၊ ဆင်းရဲဒုက္ခနှင့် ဖိနှိပ်မှုမှ လွတ်မြောက်ချမ်းသာစေခြင်း။

  3. ခရစ်တော်–

    ဂရိဘာသာဝေါဟာရအရ၊ “ထာဝရဘုရားရှင်၏ရွေးချယ်ခြင်းခံရသူ (သို့) ဘိသိက်မြှောက်ခံသူ”။ ယေရှု၏ ဘွဲ့နာမတော်တစ်ပါး။

  4. စာတန် / မာရ်နတ်–

    ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ခဲ့၍ ကောင်းကင်နိုင်ငံမှ နှင်ထုတ်ခံခဲ့ရသော နတ်ဆိုး။ လှည့်စား၊ အပြစ်တင်၊ စွပ်စွဲတတ်သော နတ်ဆိုး။

  5. ဇာတိပကတိ–

    ပဋိသန္ဓေဟူသော သဘော။ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုချင်သော

  6. ဇဒ္ဒုကဲ–

    ရှင်ပြန်ထမြောက်ခြင်းနှင့် ဝိညာဉ်သတ္တဝါစသည့် အယူအဆများကို ငြင်းပယ်သော ရှေးခေတ် ဂျူးဂိုဏ်းတစ်ခု။

  7. တမန်တော်–

    ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို လှည့်လည် ဟောကြားရန် စေလွှတ်ခံပုဂ္ဂိုလ်။

  8. ထာဝရအသက်–

    ယခုအချိန်မှစ၍ သေလွန်ပြီးသည့်တိုင် အဆုံးမရှိ ဆက်လက်၍ တည်ရှိနေမည်ဖြစ်သော ခရစ်တော်မှတဆင့် ဘုရားသခင် ပေးထားသည့် ဘ၀အသစ်။

  9. နှုတ်ကပတ်တော်–

    ဘုရားသခင်၏စကားတော်မြတ်။ ဘုရားသခင်နှုတ်တော်မှ ဟောအပ်သော စကားတော်။

  10. နိမ္မိတ–

    ဘုရားသခင်မှ ဖန်ဆင်းအပ်သောအရာများ။

  11. ပညတ်တရား–

    ဣသရေလလူမျိုးအတွက် ဓမ္မဟောင်းကျမ်း၏ ပထမငါးစောင်တွင်ပါ၀င်သော ညွှန်ကြားချက်များ။

  12. ပသခါ–

    ဘုရားသခင်မှ ဣသရေလလူမျိုး တို့၏သားဦးတို့အား သေခြင်းမှ ချမ်းသာပေးခဲ့သော ပွဲတော်အား အမှတ်ရခြင်း။

  13. ပဋိညာဉ်–

    လေးနက်စွာပြုလုပ်ထားသည့် ကတိက၀တ်၊ သဘောတူညီမှု။

  14. ဖာရိရှဲ–

    မိမိလူမျိုး၏ထုံစံဓလေ့များနှင့် ပညတ်တော်ကို ကြပ်တည်းစွာ ထိန်းသိမ်းသော ဂျူးဘာသာရေးခေါင်းဆောင်များ။

  15. ဘုရားသခင်နိုင်ငံတော် /ကောင်:ကင်နိုင်ငံတော်–

    လူတစ်စု သို့မဟုတ် နေရာတစ်နေရာတွင် ဘုန်းတော်ထင်ရှားလျက်ရှိသော ထာဝရဘုရားသခင်၏ စိုးစံတော်မူခြင်း၊ အာဏာတော်။

  16. ဘိသိက်–

    ရည်ရွယ်ချက်တစ်ခုခုဖြင့် တစ်စုံတစ်ဦအား ဆီဖြင့်လိမ်းသပ်၍ ရွေးချယ်ခြင်း။

  17. ဘဝဂ်ဝယ်–

    အထက်ဆုံးဘုံ။

  18. ယုံကြည်ခြင်း–

    ဘုရားသခင်၏နှုတ်ကပတ်တော်ကို စိတ်ချလက်ချပြုခြင်း။မျက်မောက်ကာလတွင် မမြင်ရသေးသည့်တိုင် ဘုရားသခင်၏ကတိတော် ပြည့်စုံလာမည်ကို ယုံကြည်ခြင်း။

  19. ယဇ်ပုရောဟိတ်–

    ဘုရားသခင်ထံ ယစ်ပူဇော်ခြင်း အမှုဆောင်ရွက်ပေးသူ။

  20. ရှင်ပြန်ထမြောက်ခြင်း–

    သေခြင်းတရားမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းခြင်း။

  21. ရှမာရိလူများ–

    အခြားလူအုပ်စုများနှင့် ထိမ်းမြားလက်ထပ်ပြီး၎င်းတို့၏ဘာသာတရား၏အစိတ်အပိုင်းများကို စုပ်ယူခဲ့သောကြောင့် အထင်အမြင်သေးခြင်းခံရသော ရှေးဣသရေလ လူမျိုးတို့၏ သားမြေးများ။

  22. ဝိညာဉ်ပကတိ–

    ဘုရားသခင်ကို နာခံအစေခံဖို့ရန် ယုံကြည်သူ၏ စိတ်ဝိညာဉ်သဘောသစ်။

  23. သာသနာပ–

    ဂျူးလူမျိုးမဟုတ်သောသူ။ ဣသရေလလူမျိုးတို့နှင့် ဘုရားသခင် ပြုလုပ်ခဲ့သော ပဋိညာဉ်ဟောင်းအောက်တွင် မရှိသောသူ။

  24. သမ္မာ–

    ဟုတ်မှန်စွာ။ သင့်လျော်စွာ။ မဖောက်မပြန်။ ကောင်းမြတ်သော။ မှန်သောအယူ။

  25. ဟာလေလုယ–

    ဟေဗြဲဘာသာဝေါဟာရအရ၊ 'ဘုရားသခင်နာမတော်ဘုန်းကြီးပါစေ'။

  26. အာမင်–

    သဘောတူမှု။ ဖြစ်ပါစေ။ မှန်ပါစေသော်။ ဝန်ခံခြင်း။

  27. အပြစ်–

    ဘုရားသခင်ကို ဆန့်ကျင်ဘက်ဖြစ်သော အကျင့် (သို့) အယူအဆ။

  28. အသင်းတော်–

    ယုံကြည်သူများ စုဖွဲ့ထားသော အသင်းတော်။

  29. ဥဒါန်း–

    ဝမ်းမြောက်ရွှင်လန်းသောစကား။ ပီတိအဟုန်ဖြင့် ချီးမြှောက်သောစကား။

  30. ဥပဇ္ဈာယ်–

    အမြဲမပြတ် ကြည့်ရှုဆုံးမတတ်သောဆရာ။ ချဉ်းကပ်၍ အတတ်သင်ပေးသောဆရာ။ နည်းလမ်းညွှန်ပြသူ။

  31. ဥပုသ်နေ့ –

    ပညတ်တရားအားဖြင့် ဘုရားသခင်ပေးသော အနားယူရာနေ့။

  32. ဧဝံဂေလိတရား–

    ယေရှုဘုရားအားဖြင့် ကယ်တင်ခြင်းသတင်းကောင်း။

  33. ဩတ္တပ္ပစိတ်–

    မကောင်းမှုပြုလုပ်ခြင်းမှ ဆုတ်ယုတ်စေသောစိတ်။

  34. ဣသရေလ–

    ဘုရားသခင် ရွေးချယ်တော်မူခဲ့သည့် လူမျိုး (အစ္စရေး)။ လူဇာတိသဘော။

  35. ကောင်းကင်တမန်–

    ထာဝရဘုရားရှင်၏ စေလွှတ်ခြင်းခံရသောတမန်တော်များ။

  36. ကောင်းကင်ဘုံ–

    ထာဝရဘုရားရှင်စံမြန်းတော်မူရာနေရာ၊ သခင်ယေရှုကိုလက်ခံသောသူတို့အဘို့ ပြင်ဆင်ထားသော အိုခြင်း၊ နာခြင်း၊ သေခြင်း ဒုက္ခကင်းသော ဘုံဌာနတော်။

  37. ကျေးဇူးတော်–

    လူတို့နှင့် မထိုက်တန်သော်လည်း ဘုရားသခင်၏ ကျေးဇူးပြုခြင်း၊ ကောင်းကျိုး၊ သနားစုံမက်ခြင်းနှင့် မျက်နှာပြုခြင်း။

  38. မေရှိယ၊ မေရှိ–

    ဟေဗြဲဘာသာနှင့် ဂရိဘာသာ၏ ဝေါဟာရအရ၊ ဘိသိက်ခံသောသူ'။ ယေရှု၏ဘွဲ့နာမတော်တစ်ပါး။

  39. နောင်တရခြင်း၊ နောင်တတရား–

    မိမိစိတ်ကိုပြောင်းလဲပြီး အပြစ်ပြုခြင်းမှ ဘုရားသခင်ထံသို့ လှည့် ပြန်လာခြင်း။

  40. ဖြောင်မတ်ခြင်း၊ ဖြောင့်မတ်ခြင်းတရား–

    အပြစ်ကင်းခြင်း။ သန့်ရှင်းစင်ကြယ်ခြင်း။ ဘုရားသခင်အဖို့ လက်ခံဖွယ်ဖြစ်သောအရာ။

  41. ဝေနေယျ–

    ကယ်တင်ဆုံးမထိုက်သော သတ္တဝါများ။ ကျွတ်ထိုက်သောသတ္တဝါ။