ဘဝလမ်းခရီးလင်းစေဖို့ သမ္မာကျမ်းစာဖတ်ကြစို့။

သမ္မာကျမ်းစာဖတ်ရှုနည်းကို သင်ယူပါ

သက်သေခံချက်များ

ကျွန်မသည်မကောင်းဆိုးဝါး (သရဲ) ကိုအမြဲကြောက်တတ်ခဲ့ပြီး ဘုရားသခင်ကျွန်မကိုအမှန်တကယ်ချစ်သည်ဟုလည်းမသိခဲ့ပါ။ ကျမ်းစာကိုလေ့လာသင်ယူသောဤ အချိန်ကာလတွင် ဘုရားသခင် သည်ကျွန်မနှလုံးသားကိုအမှန်တကယ်ပြောင်း ပေးခဲ့ပါသည်။ အမှောင်ကိုလည်း ကျွန်မယခုမကြောက်တော့ပါ။ သခင်ယေရှုသည်ကျွန်မနှင့်အတူရှိပြီး မကောင်းဆိုးဝိညာဉ်အားလုံး ထက်သာ၍ကြီး မြတ်ကြောင်းသိရှိပါပြီ။ – YYTS

ဖိလေမုန်သြဝါဒစာကိုလေ့လာသောအခါ ကျွန်မအသက်တာတွင်ပြန်လည်သင့်မြတ်ခြင်းကို လိုအပ်ကြောင်းသန့်ရှင်းသောဝိညာဉ်တော်က နက်နဲစွာသွန်သင်ခဲ့ပါသည်။ ကျွန်မဘဝတွင်အချို့သောဆက်ဆံရေးကို မှန်ကန်အောင်ပြုပြင်ရန်လိုအပ်ကြောင်း သိမြင်ရသောအခါ အကြိမ်ကြိမ်ငိုခဲ့ပါသည်။ ထိုသူတို့ထံသွား၍ ခွင့်လွတ်ခြင်းကိုတောင်း ခံသောအခါ ကျွန်မတို့၏ ပေါင်းသင်း ဆက်ဆံရေး ပြန်လည်ရရှိပါသည်။
– NMK

ကျွန်မဘဝတစ်ခုလုံးကိုဒုက္ခပေးခဲ့သောမေးခွန်းကိုဘုရားသခင်ကဖြေပေးခဲ့ပါသည်။ ကျွန်မ၏ကြီး ပြင်းလာချိန်တစ်လျှောက် “တိရစ္ဆာန်နှင့်ငါနှင့်ဘာခြားနားသလဲ” ဟူသောမေးခွန်းအမြဲရှိခဲ့သည်။ ကမ္ဘာဦးကျမ်းကိုလေ့လာ သောအခါ ဘုရားသခင်ကကျွန်မ၏မေးခွန်းကိုအဖြေပေးခဲ့သည်။ လူသည်ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီဖန်ဆင်း ခြင်းခံရသောကြောင့် ထူးခြားသူဖြစ်ကြောင်းဘုရားသခင်ကဖော်ပြပါသည်။ – Elizabeth